Saturday, July 4, 2015

တပ်ချုပ်ကြီး အပိုလုပ်နေတယ်

ပုံစံခွက်နဲ့  စားသတဲ့လား။


မင်းအောင်လှိုင်က ပုံစံခွက်နဲ့ စားတယ်ဆိုပြီး အရူးထပြတဲ့ ဟန်ဆောင်လုပ်ရပ်ကို ပုံတွေဘာတွေနဲ့  ဖော်ပြတာ မြင်ရတော့ ဟာသတစ်ပုဒ်ပါဘဲ။ ခန်းမကြီးအတွင်းက စားပွဲမှာ ကျကျနနထိုင်ပြီး အသစ်ချွတ်ချွတ် ပြောင်လက်နေတဲ့ ပုံစံခွက်ကို ဇွန်းနဲ့  သေသေချာချာ ခပ်စားပြနေတာကို တကယ်ဘဲ အောက်ခြေတပ်မတော်သားတွေနဲ့ ဘဲ လက်ရည်တပြင်တည်းစားနေသလိုလို ချီမွန်းခန်းဖွင့်ပြတာများ ရီစရာဘဲ။ တပ်မတော်အတွင်းက အောက်ခြေရဲဘော်တွေ ဆင်းရဲငတ်ပြတ်နေကြတာ အများကြီးပါ။

နောက်တစ်ခါ ဒီလိုပုံတွေများတင်ချင်ရင်ဖြင့် ပေသလူးနေတဲ့ မြေကြီးပေါ်မှာ ထိုင်ချပြီး၊ အိုးမဲပေပွနေတဲ့ ဒန်အိုးစုတ်နဲ့  ချက်ထားတဲ့ ဆန်ကြမ်းမပျော့မနပ်နဲ့  ပန်းကန်မရှိ ဖက်ရွက်ပေါ်မှာ ပုံလူးပြီး လက်နဲ့ နယ် အားရပါးရ စားပြတဲ့ပုံလေး ရိုက်တင်ပါလို့ ။ ဒါဆိုရင် နည်နည်းဖြစ်နိုင်ခြေရှိပါသေးတယ်

Tuesday, June 16, 2015

Reminder: Nyan Win is on Facebook

Nyan is sharing photos, updates and more on Facebook. Sign up to stay in touch with Nyan and all the people you care about. Nyan Win No(1) BEHS Pyay 499 friends · 6 groups
facebook
Nyan is sharing photos, updates and more on Facebook. Sign up to stay in touch with Nyan and all the people you care about.
Nyan Win
No(1) BEHS Pyay
499 friends · 6 groups
View Nyan's Timeline
Go to Facebook
This message was sent to kyawkyawnyanwin.136778@blogger.com. If you don't want to receive these emails from Facebook in the future or have your email address used for friend suggestions, please unsubscribe.
Facebook, Inc., Attention: Department 415, PO Box 10005, Palo Alto, CA 94303

Monday, May 25, 2015

အောင်ဆန်းပညာဒါနကျောင်းဖွင့်မည်

ပြည်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကကြီးမှူးဖွင့်လှစ်တဲ့
အောင်ဆန်းပညာဒါနကျောင်းလေး သက်တမ်း ၅နှစ် မြောက်ဆက်လက်ဖွင့်လှစ်ပါတယ်။ဇွန်လ၁ ရက်နေ့မှာ စတင်သင်ကြားပေးမှာဖြစ်ပြီး ယနေ့ကစပြီး ကျောင်းအပ်လက်ခံနေပါပြီ။ အမေ့စိတ်ဓါတ်အတုယူလို့
အမေ့လမ်းစဉ်အတိုင်း တသွေမတိမ်းလိုက်နာလျှက်ပါ။

Saturday, May 16, 2015

ရှင်၅၀၀၀၀ နဲ့၂၀၁၅ရွေးကောက်ပွဲအနိုင်ရရေး ယတြာခြေတဲ့ရှင်ပြုပွဲကို

သမ္မတသိန်းစိန်က ရှင်၅၀၀၀၀ နဲ့၂၀၁၅ရွေးကောက်ပွဲအနိုင်ရရေး ယတြာခြေတဲ့ရှင်ပြုပွဲကို စစ်ကိုင်းတိုင်း
မြောင်မြို့နယ်ဘူးကိုင်းကျေးရွာမှာကျင်းပဖို့ပြင်ဆင်
ခဲ့ပါတယ်။ခုတော့ ပူပြင်းတဲ့ရာသီမှာ မိုးသည်းထန်စွာရွာလို့မဏ္ဌပ်ပျက်သွားပါပြီ။ဘာသာ
သာသနာကိုစော်ကားခဲ့တဲ့စစ်အစိုးရကို သာသနနာကတောင်လက်မခံတော့ဘူးပေါ့။

Wednesday, May 13, 2015

ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပြည်မြို့နယ် နတ္တလင်းအုပ်စု သဖန်းချိုကျေးရွာ ဦးမောင်စံ+ဒေါ်ခင်ညွန့်တို့၏နေအိမ်တွင် ၁၄-၅-၂၀၁၅ နေ့တွင် ဆိုင်းဘုတ်တင်ပွဲနှင့် ရုံးဖွင့်ပွဲ အခမ်းအနားပြုလုပ်

ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပြည်မြို့နယ် နတ္တလင်းအုပ်စု သဖန်းချိုကျေးရွာ ဦးမောင်စံ+ဒေါ်ခင်ညွန့်တို့၏နေအိမ်တွင်
၁၄-၅-၂၀၁၅ နေ့တွင် ဆိုင်းဘုတ်တင်ပွဲနှင့် ရုံးဖွင့်ပွဲ အခမ်းအနားပြုလုပ်ကြောင်းသတင်းပေးပို့ပါသည်။၎င်းရုံးဖွင့်ပွဲတွင် ပြည်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးခင်မောင်ဝင်း နှင့် အတွင်းရေးမှူး ဦးသန်းတို့မှ အမှာစကားအသီးသီး ပြောကြားခဲ့သည်။

Saturday, May 2, 2015

သူတောင်းစားတွေ ကောင်းစားကုန်လိမ့်မယ်

ခင်ဗျားတို့တိုင်းပြည် တော်တော် တိုးတက်နေတယ်
ထင်နေလား။ သူတောင်းစားနိုင်ငံက သူတောင်းစားပြည်သူတွေကို မွေးဖွားပေးနေပြီ။
ငါနဲ့ဘာဆိုင်လို့လဲ လို့တွေးနေရင်မှားမယ်နော်။ခင်ဗျားက အုပ်ချုပ်သူဖြစ်ရင် သူတောင်းစားခေါင်းဆောင်ပေါ့။
ခင်ဗျားက အုပ်ချုပ်ခံလူတန်းစားဆိုရင် သူတောင်းစား ဒါမှမဟုတ် သူတောင်းစားထဲမှာနည်းနည်းအဆင့်မြင့်တဲ့
သူတောင်းစားပေါ။့
kknw-ပြည်

Sunday, April 19, 2015

ပြည်မြို့နယ် ရှိကျေးရွာတချို့ လေကြမ်းဒဏ်ခံရ

ပဲခူးတိုင်ဒေသကြီးပြည်မြို့နယ် ဝက်ထီကန်
လွှစင်အုပ်စု လယ်ဘဲ့ကျေးရွာ အေမြသာယာကျေး
ရွာ လွှစင်ကျေးရွာ တို့တွင်လေကြမ်းတိုက်ခိုက်မှုဖြစ်ပွားခဲ့သည်။ ၁၈-၄-၂၀၁၅ရက်နေ့ညနေ ၄နာရီခန့်တွင် ရုတ်တရက်လေကြမ်းတိုက်ခိုက်ပြီး လွှစင်ကျေးရွာမှ
မူလွန်စာသင်ကျောင်းမှာသစ်ပင်ပိ၍ပျက်စီးခြင်း
လယ်ဘဲ့ကျေးရွာနှင့် အေးမြသာယာကျေးရွာတို့တွင်အိမ်ခြေ ၄၉လုံးပျက်စီးခဲ့ပြီး အိမ်၅လုံးမှာ လုံးဝ ပြိုလဲသွားခဲ့ပါသည်။ကျေးရွာသူကျေးရွာသားများမှာ ပျက်စီးမှုများကြောင့်ဒုက္ခရောက်လျှက်ရှိပြီး ကူညီပံ့မှုများလိုအပ်လျှက်ရှိကြောင်းသတင်းရ ရှိပါသည်။

ပြည်မြို့နယ်သတင်းနှင့်ပြန်ကြားရေး