Monday, May 25, 2015

အောင်ဆန်းပညာဒါနကျောင်းဖွင့်မည်

ပြည်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကကြီးမှူးဖွင့်လှစ်တဲ့
အောင်ဆန်းပညာဒါနကျောင်းလေး သက်တမ်း ၅နှစ် မြောက်ဆက်လက်ဖွင့်လှစ်ပါတယ်။ဇွန်လ၁ ရက်နေ့မှာ စတင်သင်ကြားပေးမှာဖြစ်ပြီး ယနေ့ကစပြီး ကျောင်းအပ်လက်ခံနေပါပြီ။ အမေ့စိတ်ဓါတ်အတုယူလို့
အမေ့လမ်းစဉ်အတိုင်း တသွေမတိမ်းလိုက်နာလျှက်ပါ။

Saturday, May 16, 2015

ရှင်၅၀၀၀၀ နဲ့၂၀၁၅ရွေးကောက်ပွဲအနိုင်ရရေး ယတြာခြေတဲ့ရှင်ပြုပွဲကို

သမ္မတသိန်းစိန်က ရှင်၅၀၀၀၀ နဲ့၂၀၁၅ရွေးကောက်ပွဲအနိုင်ရရေး ယတြာခြေတဲ့ရှင်ပြုပွဲကို စစ်ကိုင်းတိုင်း
မြောင်မြို့နယ်ဘူးကိုင်းကျေးရွာမှာကျင်းပဖို့ပြင်ဆင်
ခဲ့ပါတယ်။ခုတော့ ပူပြင်းတဲ့ရာသီမှာ မိုးသည်းထန်စွာရွာလို့မဏ္ဌပ်ပျက်သွားပါပြီ။ဘာသာ
သာသနာကိုစော်ကားခဲ့တဲ့စစ်အစိုးရကို သာသနနာကတောင်လက်မခံတော့ဘူးပေါ့။

Wednesday, May 13, 2015

ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပြည်မြို့နယ် နတ္တလင်းအုပ်စု သဖန်းချိုကျေးရွာ ဦးမောင်စံ+ဒေါ်ခင်ညွန့်တို့၏နေအိမ်တွင် ၁၄-၅-၂၀၁၅ နေ့တွင် ဆိုင်းဘုတ်တင်ပွဲနှင့် ရုံးဖွင့်ပွဲ အခမ်းအနားပြုလုပ်

ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပြည်မြို့နယ် နတ္တလင်းအုပ်စု သဖန်းချိုကျေးရွာ ဦးမောင်စံ+ဒေါ်ခင်ညွန့်တို့၏နေအိမ်တွင်
၁၄-၅-၂၀၁၅ နေ့တွင် ဆိုင်းဘုတ်တင်ပွဲနှင့် ရုံးဖွင့်ပွဲ အခမ်းအနားပြုလုပ်ကြောင်းသတင်းပေးပို့ပါသည်။၎င်းရုံးဖွင့်ပွဲတွင် ပြည်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးခင်မောင်ဝင်း နှင့် အတွင်းရေးမှူး ဦးသန်းတို့မှ အမှာစကားအသီးသီး ပြောကြားခဲ့သည်။

Saturday, May 2, 2015

သူတောင်းစားတွေ ကောင်းစားကုန်လိမ့်မယ်

ခင်ဗျားတို့တိုင်းပြည် တော်တော် တိုးတက်နေတယ်
ထင်နေလား။ သူတောင်းစားနိုင်ငံက သူတောင်းစားပြည်သူတွေကို မွေးဖွားပေးနေပြီ။
ငါနဲ့ဘာဆိုင်လို့လဲ လို့တွေးနေရင်မှားမယ်နော်။ခင်ဗျားက အုပ်ချုပ်သူဖြစ်ရင် သူတောင်းစားခေါင်းဆောင်ပေါ့။
ခင်ဗျားက အုပ်ချုပ်ခံလူတန်းစားဆိုရင် သူတောင်းစား ဒါမှမဟုတ် သူတောင်းစားထဲမှာနည်းနည်းအဆင့်မြင့်တဲ့
သူတောင်းစားပေါ။့
kknw-ပြည်