Wednesday, March 11, 2015

လက်ပံတန်းပင်မသပိတ်ဖမ်းဆီးခံရသူများသတင်း

၁၁ရက်နေ့ညနေ၃နာရီခန့်တွင်သာယာဝတီ အကျဉ်းထောင်မှ ဖမ်းဆီးခံရသောကျောင်းသူကျောင်းသားများနှင့်
့ပြည်သူ ၆၀ဦးအား အချုပ်ကားနှစ်စီးဖြင့်လက်ပံတန်းမြို့နယ်တရားရုံးသို့ရုံးထုတ်၍ချုပ်ရက်ရမန်ယူခဲ့ပြီးတရားစွဲဆိုခဲ့ပါသည်။ဖမ်းဆီးခံရသောသူများထဲမှအမျိုးသမီး
၂၀ဦးကိုအချုပ်ကားတစ်စီးဖြင့်၎င်းအမျိုးသား၄၀ဦးကိုအချုပ်ကားတစ်စီးဖြင့် သာယာဝတီအကျဉ်းထောင်မှညနေ၃နာရီတွင်လက်ပံတန်းမြို့နယ်တရားရုံးသို့ခေါ်ဆောင်သွားပါသည်။အချုပ်ကားလုံခြုံရေးအတွက်ရဲအင်အား
၁၅၀ခန့်မှရှေ့နောက်ကားများဖြင့် လုံခြုံရေးလိုက်ပါကြပါသည်။ လက်ပံတန်းတရားရုံးတွင် အသင့်စောင့်လျှက်ရှိသော ရဲများဖြင့်တရားရုံးကို
လုံခြုံရေးယူထားပြီးတရားရုံးအတွင်းသို့ မည်သူမှ
ဝင်ရောက်ခွင့်မပြုပါ။လက်ပံတန်းမှရှေ့နေ ဦးဝင်းကြိုင်၏ပြောဆိုချက်အရ ရဲမှူးကြီးစိန်ဝင်းမှ
ပုဒ်မ ၁၄၃/၁၄၅/၁၄၇/၃၃၂/၅၀၅(ခ) ပုဒ်မ ၅ခုဖြင့်တရားစွဲဆိုထားကြောင်းသိရှိရပါသည်။
ညနေ၄နာရီ၃၀မိနစ်ခန့်တွင်လက်ပံတန်းမှ သာယာဝတီအကျဉ်းထောင်သို့ ပြန်လည်ပို့ဆောင်ခဲ့ပါသည်။စုစုပေါင်းထိမ်းသိမ်းခံရသည့်လူဦးရေမှာဒဏ်ရာရ ရှိသူအပါအဝင် ၁၂၇ဦးဖြစ်ပြီးကျန်ရှိသည့်
၆၇ဦးကို၁၂ရက်နေ့တွင်ဆက်လက်၍တရားစွဲဆိုရမန်ယူမည်ဟုထောင်ဝန်းထမ်းထဲမှ အကြီးအကဲတစ်ဦးကပြောပ်သည်။
လက်ပံတန်းဆေးရုံတွင်ဒဏ်ရာရသူ
ူ၆ဦး ဆေးကုသမှုခံယူနေရပြီး အသက်အန္တရာယ်စိုးရိမ်စရာမရှိကြောင်းသိရှိရပါသည်။သာယာဝတီအကျဉ်းထောင်ရှေ့တွင် ၈၈ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်း
ကျောင်းသားမိဘများ NLDပါတီဝင်များ ၂၀ခန့်ရောက်ရှိနေပြီးအထိန်းသိမ်းခံရသူများအတွက်အစားအစာ အဝတ်အထည် ဆေးဝါးများထောက်ပံ့ရန် စောင့်ဆိုင်းလျှက်ရှိပါသည်။ နောက်ထပ်ကျန်ရှိသူများကိုမနက်ဖြန်မှ ရုံးထုတ်မှာဖြစ်ကြောင်းပြောဆို၍ပြန်ကြရန်
ပေးစရာရှိသည်များကိုစာရင်းဇယားနှင့်အပ်နှံခဲ့
ရန်ထောင်အကြီးအကဲတစ်ဦးမှပြောဆိုခဲ့သော်လည်း ည၈နာရီကျော်တွင် အခြားကျန်ရှိသောကျောင်းသားများနှင့်
ပြည်သူများကိုထပ်မံရုံ့းထုတ်လာသည်ကို
တွေ့ရှိခဲ့ပြီး မိဘများနှင့်ကျောင်းသားများလုံးဝတွေ့ဆုံခွင့်
မပေးပါ။ ည၉နာရီတွင်ဒုတိယအသုတ်အချုပ်ကားများသာယာဝတီထောင်အတွင်းသို့ပြန်လည်ရောက်ရှိလာပါသည်။့ 

No comments:

Post a Comment