Sunday, April 19, 2015

ပြည်မြို့နယ် ရှိကျေးရွာတချို့ လေကြမ်းဒဏ်ခံရ

ပဲခူးတိုင်ဒေသကြီးပြည်မြို့နယ် ဝက်ထီကန်
လွှစင်အုပ်စု လယ်ဘဲ့ကျေးရွာ အေမြသာယာကျေး
ရွာ လွှစင်ကျေးရွာ တို့တွင်လေကြမ်းတိုက်ခိုက်မှုဖြစ်ပွားခဲ့သည်။ ၁၈-၄-၂၀၁၅ရက်နေ့ညနေ ၄နာရီခန့်တွင် ရုတ်တရက်လေကြမ်းတိုက်ခိုက်ပြီး လွှစင်ကျေးရွာမှ
မူလွန်စာသင်ကျောင်းမှာသစ်ပင်ပိ၍ပျက်စီးခြင်း
လယ်ဘဲ့ကျေးရွာနှင့် အေးမြသာယာကျေးရွာတို့တွင်အိမ်ခြေ ၄၉လုံးပျက်စီးခဲ့ပြီး အိမ်၅လုံးမှာ လုံးဝ ပြိုလဲသွားခဲ့ပါသည်။ကျေးရွာသူကျေးရွာသားများမှာ ပျက်စီးမှုများကြောင့်ဒုက္ခရောက်လျှက်ရှိပြီး ကူညီပံ့မှုများလိုအပ်လျှက်ရှိကြောင်းသတင်းရ ရှိပါသည်။

ပြည်မြို့နယ်သတင်းနှင့်ပြန်ကြားရေး

ဘာသာ သာသနာဘယ်သူဖျက်တာလဲ

သိန်းစိန်အစိုးရလက်ထက် စစ်တပ်အရာရှိများပိုင်
ဦးပိုင်ကုမ္ပဏီနဲ့ တရုတ်ပိုင်ဝမ်ပေါင် ကုမ္ပဏီတို့ ကိုယ်ကျိုးရှာ လက်ပံတောင်း ကြေးနီစီမံကိန်းမှာ လယ်တီသိမ်ကိုဖျက်ဖို့ ကြိုးစားပါတယ်။ရဟန်းသံဃာတွေနဲ့ လက်ပံတောင်းဒေသခံတွေက တားမြစ်သပိတ်စခန်း ဖွင့်တော့ မီးလောင်ဗုန်း
နဲ့ပစ်ခဲ့တယ် ခုတော့လယ်တီသိမ်လည်းမရှိတော့ဘူး။သံဃာတွေက မီးလောင်ဗုန်းနဲ့ ပစ်တဲ့သူကို အရေးယူပေးဖို့အမှုဖွင့်တိုင်တန်းတော့လည်း အမှုဖွင့်မပေးပါဘူး။အမျိုးဘာသာ သာသနာကိုဖျက်တာ စစ်တပိုင်းအစိုးရသိန်းစိန်
အစိုးရသာဖြစ်ပါတယ်

Saturday, April 18, 2015

သိန်းစိန်အစိုးရ အမေရိကန်ကို ဖားပြီ

ဒီမိုကရေစီ ရမှအမျှဝေပါ

၁၉၈၈ခုနှစ် ကျောင်းသားပြည်သူတွေ ဒီမိုကရေစီ
ရ ရှိဖို့လူထုအုံကြွမှု ဖြစ်ပွားခဲ့ပါတယ်။ယခုတွေ့ရှိရတဲ့ပုံကတော့
၈တန်းကျောင်းသူလေး မဝင်းမော်ဦး ဟာ သေနတ်ဒဏ်ရာကြောင့်သေဆုံးခဲ့ရမှုမှတ်တမ်းတင်
ဓါတ်ပုံနှင့်သူမ၏မိဘနှစ်ပါးဖြစ်ပါတယ်။
မဝင်းမော်ဦးဟာသူမ မသေဆုံးမှီ စကားတခွန်းပြောခဲ့ပါတယ်။"ဒီမိုကရေစီရမှ အမျှဝေပါတဲ့ " ။ခုချိန်ထိတော့ မဝင်းမော်ဦးရဲ့မိဘတွေဟာ အမျှမဝေသေးဘူးလို့ကြားသိရပါတယ်

Monday, April 13, 2015

တရုတ်အစိုးရ ရဲ့ သတင်းစာကတော့ ပြောလိုက်ပြီ

တရုတ်နိုင်ငံ၊ကွန်မြူနစ်ပါတီရဲ့
အာဘော်ဖြစ်တဲ့ Global Times သတင်းစာရဲ့
အယ်ဒီတာ့အာဘော်မှာ.........ဒေါ်အောင်ဆန်းစုကြည်ကသာလျှင်
မြန်မာနိုင်ငံရဲ့ အမျိုးသားနိုင်ငံရေးဦဆောင်မှုကို
ခိုင်မာစွာရယူနိုင်မှုရှိကြောင်း.....
တိုင်းရင်းသားလူမျိုးစုအားလုံးရဲ့ ဘုံအကျိုးစီးပွားကိုတည်ဆောက်
ရာမှာသူမ မပါပဲ မဖြစ်နှိုင်ကြောင်း....

~ မြန်မာနိုင်ငံရဲ့ အခြေခံဥပဒေပြင်ဆင်ရေးက
အထူးအရေးကြီးကြောင်း..... စစ်အုပ်ချုပ်ရေး တကျော့ပြန်လာဖို့က
အခွင့်အလမ်းအရမ်းနည်းပါးကြောင်း....

~ နိုင်ငံရေးနဲ့. . စီးပွားရေးနယ်ပါယ်များက စစ်တပ်ရဲ့ပါဝင်မှုလျော့ချခြင်းက..
တိုင်းရင်းသားတပ်ဖွဲ့များကြား ယုံကြည်မှု တည်ဆောက်နိုင်ကြောင်း.......

~ စစ်တပ်ပါဝင်မှုမရှိသည့် နိုင်ငံရေးဝန်းကျင်ကသာလျင်.....
နိုင်ငံခြားရင်းနှီးမြှုတ်နှံမှုများကိုဆွဲဆောင်နိုင်မည်ဖြစ်ကြောင်း...

~ ထိုကဲ့သို့ ဘုံအကျိုးစီးပွားတည်ဆောက်မှုအတွက်....
ဒေါ်အောင်ဆန်းစုကြည် နဲ့ NLD မပါလို့မဖြစ်နိုင်ကြောင်း....

~ မြန်မာနိုင်ငံရဲ့. အနာဂတ်မြင်ကွင်းမှာဒေါ်အောင်ဆန်းစုကြည် ကသာလျင်...
အရေးအကြီးဆုံးဖြစ်ကြောင်း.....

~ လက်ရှိအခြေအနေမှာ.... ဒေါ်အောင်ဆန်းစုကြည် ကသာလျင်
အမျိုးသားဦးဆောင်မှုကဏ္ဏကို ခိုင်မာစွာရယူနိုင်ကြောင်း....

~ မြန်မာ့ အနာဂတ်မြင်ကွင်းမှာ ဒေါ်အောင်ဆန်းစုကြည်ကအရေးအကြီးဆုံး
ဖြစ်ကြောင်း.....

~ မြန်မာ့နိုင်ငံရေးတွင် စစ်တပ်ကဆက်လက်ထိန်းသိမ်းထားရန်
သင့်တော်မှုမရှိတော့ကြောင်း....

~ တရုတ်နိုင်ငံအနေဖြင့်....မြန်မာနိုင်ငံ၏ပြုပြင်ပြောင်းလဲမှုများကို
ထောက်ခံသင့်ပြီး......အခြေခံဥပဒေပြင်ဆင်ရေးကိုအဆငိ့တစ်ခုအနေဖြင့်
မှတ်ယူကြောင်း....

~ နိုင်ငံရေးမှာစစ်တပ်ရဲ့ပါဝင်မှုလျော့ချဖို့အတွက်....
တည်ငြိမ်သည့်စနစ်တစ်ခုတည်ဆောက်ရန်အခြေခံကျကြောင်း.....

~ တရုတ်က မြန်မာနိုင်ငံကို ထောက်ပံ့သည့်မူဝါဒ ကျင့်သုံးနေသရွေ့
အိမ်နီးချင်းကောင်းရှိခြငိး၏အကျိးကိုသိရှိနေမည်ဖြစ်ကြောင်း..........

စသဖြင့်........
ဒေါ်အောင်ဆန်းစုကြည် ကို အကျယ်တဝင့်နဲ့ အမွှန်းတင်ဂုဏ်ပြုပြီး
သုံးသပ်ရေးသားချက်များ...ထွက်ပေါ်လာတဲ့အချိန်မှာပဲ....

မြန်မာနိုင်ငံသမ္မတဦးသိန်းစိန်က၊ ၂.၃.၂၀၁၅ ရက်နေ့
ညနေမှာ.....

ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော်က သမ္မတအိမ်တော်မှာ
သီးသန့်ခေါ်ယူတွေ့ဆုံခဲ့ရပါတယ်......

ဒီနေရာမှာ........
ကျနော့အနေနဲ့စဉ်းစားမိတာက စစ်အစိုးရရဲ့ သက်တမ်းတစ်လျောက်မှာ....
တရုတ်အစိုးရအနေနဲ့၊

အခုလို.......
ဒေါ်အောင်ဆန်းစုကြည် အပေါ်မှာ..အသေးစိတ်ထောက်ပြချီးမွမ်းခဲ့တာမျိုး....
မရှိ ခဲ့လောက်ဘူးဆိုရင်....

အခုလိုရေးသားဖော်ပြချက်ဟာ
ဦးသိန်းစိန်အစိုးရအတွက်.....

အလစ်အငိုက်မှာ...
အရှိုက်ကို လက်သီးပြင်းပြင်းနဲ့.....
အထိုးခံလိုက်ရသလိုဖြစ်သွားပြီး
အလဲထိုးခံလိုက်ရတဲ့ သဘောပါပဲ။

တစ်ချိန်လုံး.....တရုတ်ကြီးငြိုငြင်မှာကိုစိုးပြီး....
တရုတ်ကြီးရဲ့.....လိုအပ်သမျှအာသာဆန္ဒ. ဟူသမျှကို
ပေးဆက်နေခဲ့ရာက....

ငါးစိမ်းမြင်လို့. ငါးကင်ကိုပစ်ချလိုက်သလို
ယခုကဲ့သို့....
တရုတ်ကွန်မြူနစ်ပါတီရဲ့အာဘော်
သတင်းစာကြီးကရေးသားဖော်ပြလိုက်ခြင်းဟာ......

မြန်မာအစိုးရရဲ့
ထိပ်သီးခေါင်းဆောင်များကို.......

မရှုနိုင်မကယ်နှိုင်ဖြစ်သွားအောင်
အလစ်မှာ အရှိုက်ကိုလက်သီးခပ်ပြင်းပြင်းနဲ့
အထိုးခံလိုက်ရခြင်းလား......

ဒါမှမဟုတ်...
ဒေါ်အောင်ဆန်းစုကြည်နဲ့ပတ်သက်တဲ့
တရုတ်ရဲ့မူဝါဒကို.....
မီးစိမ်းပြပြီးအလံချိုးပေးလိုက်ခြင်းလား.....

နောက်တစ်ခုက၊
တရုတ်ကြီးရဲ့...
Power Game နောက်တစ်ပွဲအတွက်
နောက်ထပ် ထုတ်သုံးလာတဲ့
မဟာဗျူဟာလား.......

ဆိုတာတော့....

အချိန် ....
ဆိုတဲ့အရာကပဲ ၊
အဖြေထုတ်ပေးသွားမယ်ထင်ပါတယ်.....
(Zaw Win Hlaing)

Source.း The Ladies News Journal.

Credit : Zaw Win Hlaing via Zin Min Oo
.
ပြန်လည်မျှဝေပေးပါတယ်
လေးစားလျက်
Martin Swe

Tuesday, April 7, 2015

တရုတ်နိုင်ငံ ပုဇွန်ခြောက်အတု မြန်မာနိုင်ငံသို့တင်သွင်း

ရှမ်းပြည်နယ်နမ့်ခမ်း မှာ တရုတ်ကကျူးကျော်ပြီးတံတားတစ်စင်းတည်ဆောက်ဖို့ပြင်ဆင်ံ

တရုတ်ကကျူးကျော်ပြီးတံတားတစ်စင်းတည်ဆောက်ဖို့ပြင်ဆင်နေပါပြီ ။ ပြီးခဲ့တဲ့ ၂ရက်နေ့၎လပိုင်းကစတင်၍ တရုတ်အလံများဝင်ရောက်စိုက်ထူးခဲ့ပြီး ဒေသခံများကတားမြစ်ခဲ့သော်လည်း အာဏာပိုင်များက တစုံတရာ တုန့်ပြန်ဖြေရှင်းခြင်းမပြုခဲ့သဖြင့် ယခုလိုထပ်မံကျူးကျော်လာတာဖြစ်ပါတယ်။ပစ္စည်းတွေကိုရေလမ်းကသယ်ဆောင်ခဲ့တာလို့သတင်းရ ရှိပါတယ်ံ

Friday, April 3, 2015

တရုတ်ကြောက်အစိုးရလို့ပြောနေကြတာ မှန်နေပြီလား

ရှမ်းပြည်နယ် နမ့်ခမ်းကိုတရုတ် ကျုးကျော်ပြီ။ အောက်ခြေက ငါတို့စစ်သားလေးတွေကို အသက်ပေးခိုင်းဦးမှာလား။ တရုတ်ကြောက်အစိုးရမို့လို့ နမ့်ခမ်းကိုတရုတ်လက်အပ်မှာလား။
(သတင်းအပြည့်အစုံကိုအောက်တွင်ဖတ်ပါ)

Thursday, April 2, 2015

လင်ဇီးသောက်လို့အသက်ပျောက်သူမအေးအေးမာ( ညောင်ရမ်း )

လင်ဇီးကုမ္ပဏီဟာ တရားဝင်ခွင့်ပြုထားတယ်ဆိုပေမယ် စစ်မှန်တဲ့
ဆေးဝါးစစ်ဆေးထောက်ခံချက်ကို မြန်မာနိုင်ငံကစီစစ်ပေးထားခြင်းမရှိပါဘူး။အာဏာပိုင်များနဲ့ အဆင်ပြေအောင် လှူဒါန်းပေးကမ်းထားပြီး စီးပွားရေးတွက်ချေကိုက်အောင် ရောင်းချနေတဲ့
ကုမ္ပဏီပါ။

ထောင်ဒဏ် ၄ လချမှတ်ခံရသော ရှေ့နေ နှင့် တက်ကြွလှုပ်ရှားသူ

ဦးသန့်နှစ်ပတ်လည်နေ့ကိုခွင့်ပြုချက်မရ ရှိဘဲကျင်းပသောကြောင့် တရားလွှတ်တော်ရှေ့နေဦးမြင့်အေး နှင့်  နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ကိုမျိုးသူထွဋ်-
လက်တွဲကူမယ်ပြည်လူငယ် အဖွဲ့-တိုအား
ပြည်မြို့နယ်တရားရုံးမှ ယနေ့နေ့လည်က
ထောင်ဒဏ် ၄ လ ချမှတ်လိုက်သည်။

ရိုဟင်ဂျာ ကုလားများ နိုင်ငံသားဖြစ်တော့မည်

ရခိုင်ပြည်နယ် အပါအဝင်နိုင်ငံတဝှမ်းရှိ White card ကိုင်ဆောင်ထားသော ရိုဟင်ဂျာ ကုလားများကို ယခုလက်ရှိ ဦးသိန်းစိန် အစိုးရမှ နိုင်ငံသားအဖြစ်သတ်မှတ်ရန် အတွက် စီစဉ်ထားသည်ဟု သတင်း ရ ရှိပါသည်။
ယာယီ ကိုင်ဆောင်ထားသော white card
များကိုပြန်လည်အပ်နှံခိုင်းထားပြီး ပန်းရောင်ကဒ်
များထုတ်ပေး၍ နိုင်ငံသား အဖြစ်သတ်မှတ်တော့မှာဖြစ်ပါတယ်။ီ