Saturday, January 24, 2015

မူးယစ်ဆေးသယ်ဆောင်လာတဲ့ရဲကို ပြည်သူတွေကဖမ်းဆီး

ရှမ်းပြည်တယ်မြောက်ပိုင်း နမ့်ခမ်းမြို့တွင်မူးယစ်ဆေးသယ်ဆောင်လာတဲ့
ရဲတပ်သားတစ်ဦးနှင့် အရပ်သားတစ်ဦးကို
ရပ်ကွက်လူငယ်တွေကဖမ်းဆီးပြီးနမ်ခမ်း
ရဲစခန်းကိုလွှဲအပ်လိုက်သည်ဟုသတင်းရ
ရှိပါသည်။
နမ်ခမ်းမြို့ကောင်းဆာရပ်ကွက်တွင်
ဇန်နဝါရီလ ၂၃ရက် ည၁၀နာရီကျော်
တွင်ဖမ်းမိခဲ့ခြင်းဖြစ်ပြီးရပ်ကွက်လုံခြုံရေးယူ
သောလူငယ်အဖွဲ့ကဖမ်းမိခဲ့တာဖြစ်ပါတယ်။
ဆိုင်ကယ်တစ်စီး လက်ထိပ် ယာဘဆေးပြား၉၇လုံး ဘိန်းဖြူ တစ်ပုလင်းခွဲ
နဲ့ နမ့်ခမ်းရဲစခန်းမှ ရဲတပ်သားသိန်းဋ္ဌေးအောင်
၂၀နှစ် ကိုယ်ပိုင်အမှတ်၂၄၀၆၄ /စိုင်းထွန်းစံ
၃၀နှစ်တို့ကိုဖမ်းမိခဲ့တာဖြစ်ပါတယ်။

No comments:

Post a Comment