ဗိုလ်ချုပ်ရာပြည့်အထိမ်းအမှတ်အဖြစ် ဘိတ်မြို့မှ
နတ်မောက်မြို့အထိ မိုင်ပေါင်းထောင်ကျော်လမ်းလျှောက်လာသော
ကိုအောင်သူသည် ပြည်မြို့ကိုနေ့လည်၁ နာရီခွဲ
တွင်ဖြတ်ကျော်ခဲ့သည်။
ပြည်မြို့နယ်စပ် မြောက်နဝင်းရွာသစ်ကြီးတွင်
ခေတ္တရပ်နားမည်ဟုသတင်းရ ရှိသည်။
တစ်ကိုယ်တော်လမ်းလျှောက်ထွက်လာသူ ကိုအောင်သူသည်ဇန်နဝါရီလ ၁ ရက် နေ့မှစတင်
၍ ဘိတ်မြို့မှစတင်လမ်းလျှောက်ခဲ့သူဖြစ်ပြီး
ယခုအမှတ် ၃ ရဲစခန်းအပိုင်ကိုဖြတ်သန်းခဲ့ရာ
နယ်ထိန်း ကိုဇော်လင်းထွန်း မှ လုံခြုံရေးယူ၍
ဝိုင်းဝန်းစောင့်ရှောက်ပေးကြောင်းသတင်းရ ရှိပါသည်။်
No comments:
Post a Comment