ရခိုင်ပြည်နယ်အတွင်းကျူးကျော်ဝင်ရောက်နေ
ထိုင်သောရိုဟင်ဂျာလူမျိုးများအပါအဝင်
နိုင်ငံတဝှမ်းရှိ နိုင်ငံသားမဟုတ်သူများအား
ဖွဲ့စည်းပုံအခြေံဥပဒေပြင်ဆင်ရေးအတွက်မဲပေး
ခွင့်ပြုရန် သမ္မတ၏ တောင်းဆိုချက်ဖြင့် လွှတ်တော်တွင်အတည်ပြုလိုက်သည်ဟုသတင်းရ ရှိပါသည်။၎င်းအဆိုကို ရခိုင်တိုင်းရင်းသားလွှတ်တော်ကိုယ်စားလှယ်များနှင့် ဒီမိုကရေစီအင်အားစုများ ကန့်ကွက်ခဲ့ကြသော်လည်း ပြည်ခိုင်ဖြိုးရိုဟင်ဂျာလွှတ်တော်အမတ် ဦးရွှေမောင်ကစတင်ထောက်ခံခဲ့ပြီး တပ်မတော်သားများ ပြည်ခိုင်ဖြိုးလွှတ်တော်ကိုယ်စားလှယ်များက
ထောက်ခံခဲ့ကြပြီး ပြည်ထောင်စုလွှတ်တော်၌ မနေ့ကအတည်ပြုလိုက်သည်ဟုသတင်း ရ ရှိပါသည် ။ နိုင်ငံသားမဟုတ်သူများမဲပေးခွင်ပြုသည့်ကိစ္စနှင့်ပတ်သက်၍ မ ဘ သ ဆရာတော် ဦးဝီရသူအားသတင်းမီဒီယာများမှ သဘောထားတောင်းခံသော်လည်း ဖုန်းမကိုင်ဘဲ
ဆွမ်းစားနေသည်ဟု အကြောင်းပြန်ခဲ့ကြောင်း
သတင်းဖေါ်ပြထားသည်။့
No comments:
Post a Comment