Sunday, February 1, 2015

ပင်လုံသွေးလူငယ်ကွန်ယက် (ပြည်)ဖွဲ့စည်းတည်ထောင်

ပဲခူးတိုင်းဒေသကြီး ပြည်မြို့တွင် ပင်လုံသွေးလူငယ်ကွန်ယက်ကို
၃၁-၁-၂၀၁၅ ရက်နေ့တွင်စတင်
တည်ထောင်လိုက်သည်ဟုစတင်ထောင်သူ
ခေါင်းဆောင်ကိုနန်းဝင်းအောင်မှ
ပြည်မြို့နယ်သတင်းနှင့်ပြန်ကြားရေးသို့
ပြောကြားခဲ့သည်။
အသင်း၏ရည်ရွယ်ချက်မှာ လူတန်းစား
မရွေး သွေးနှင့်ကျန်းမာရေးကိစ္စများကို
တတ်စွမ်းသမျှကူညီနိုင်ရန်အတွက်တည်
ထောင်ခြင်းဖြစ်သည်။ ဒီနေ့ဆိုရင်အောင်ဇော်ဦး
ဆေးရုံ၌ သွေးလှူရှင် မခင်မာဝင်း။ပြည်မြို့
ပြည်သူ့ဆေးရုံကြီး၌ ကိုသက်နိုင်တို့က
သွေးလှူဒါန်းခဲ့ကြပြီး နောင်သွေးလိုအပ်ပါ
ကလည်းအကူအညီတောင်းခံနိုင်ကြောင်း
ကိုနန်းဝင်းအောင်ကဆက်လက်ပြောကြားသည်။
ပင်လုံသွေးလူငယ်ကွန်ယက်ကို
ဖုန်းအမှတ် ၀၉၂၅၄၆၅၃၈၇၀သို့ဆက်သွယ်
၍သွေးအကူအညီတောင်းခံနိုင်ကြောင်းသတင်းရ ရှိပါသည်။်

No comments:

Post a Comment