Wednesday, December 31, 2014

Fwd: Re: ယာဉ်မတော်တဆဖြစ်ပွားပါက ပြည့်ဝစွာကူညီနိုင်


---------- Forwarded message ----------
From: kyawkyawnyanwin@gmail.com
Date: Jan 1, 2015 2:25 PM
Subject: Re: ယာဉ်မတော်တဆဖြစ်ပွားပါက ပြည့်ဝစွာကူညီနိုင်
To: <kyawkyawnyanwin.136778@blogger.com>
Cc:

>
> On Jan 1, 2015 12:06 PM, kyawkyawnyanwin@gmail.com wrote:
> >
> > ယာဉ်တိုက်မှုဖြစ်ပွား ပြီးထိခိုက်ဒဏ်ရာရှိသူများအား
> > မည်သူမဆို အလျှင်အမြန်ကူညီနိုင်ပြီဖြစ်ပါသည်။
> > သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းများရောက်ရှိသည်ဖြစ်စေ
> > မရောက်ရှိသည်ဖြစ်စေ နီးစပ်ရာယာဉ်တစီးစီးငှားရမ်းအသုံးပြုနိုင်သည်။
> > ယာဉ်ငှားခကိုသက်ဆိုင်ရာရဲစခန်းမှကျခံရမည်။
> > လူနာရှင်မပေါ်ပါက
> > ဆေးရုံတွင်ကုသသောဆေးကုသစရိတ်ကို ကျန်းမာရေးဌာနမှတောင်းခံရမည်။လူနာကိုလိုက်ပါစောင့်ရှောက်သူအားတရားစွဲဆိုခြင်း စိတ်အနှောက်ဖြစ်စေရန်  လုံးဝပြုမူခြင်းမပြုလုပ်ရ။
ဥပဒေပြဋ္ဌာန်းလိုက်ပြီ

Re: ယာဉ်မတော်တဆဖြစ်ပွားပါက ပြည့်ဝစွာကူညီနိုင်


On Jan 1, 2015 12:06 PM, kyawkyawnyanwin@gmail.com wrote:
>
> ယာဉ်တိုက်မှုဖြစ်ပွား ပြီးထိခိုက်ဒဏ်ရာရှိသူများအား
> မည်သူမဆို အလျှင်အမြန်ကူညီနိုင်ပြီဖြစ်ပါသည်။
> သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းများရောက်ရှိသည်ဖြစ်စေ
> မရောက်ရှိသည်ဖြစ်စေ နီးစပ်ရာယာဉ်တစီးစီးငှားရမ်းအသုံးပြုနိုင်သည်။
> ယာဉ်ငှားခကိုသက်ဆိုင်ရာရဲစခန်းမှကျခံရမည်။
> လူနာရှင်မပေါ်ပါက
> ဆေးရုံတွင်ကုသသောဆေးကုသစရိတ်ကို ကျန်းမာရေးဌာနမှတောင်းခံရမည်။လူနာကိုလိုက်ပါစောင့်ရှောက်သူအားတရားစွဲဆိုခြင်း စိတ်အနှောက်ဖြစ်စေရန်  လုံးဝပြုမူခြင်းမပြုလုပ်ရ။

ယာဉ်မတော်တဆဖြစ်ပွားပါက ပြည့်ဝစွာကူညီနိုင်

ယာဉ်တိုက်မှုဖြစ်ပွား ပြီးထိခိုက်ဒဏ်ရာရှိသူများအား
မည်သူမဆို အလျှင်အမြန်ကူညီနိုင်ပြီဖြစ်ပါသည်။
သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းများရောက်ရှိသည်ဖြစ်စေ
မရောက်ရှိသည်ဖြစ်စေ နီးစပ်ရာယာဉ်တစီးစီးငှားရမ်းအသုံးပြုနိုင်သည်။
ယာဉ်ငှားခကိုသက်ဆိုင်ရာရဲစခန်းမှကျခံရမည်။
လူနာရှင်မပေါ်ပါက
ဆေးရုံတွင်ကုသသောဆေးကုသစရိတ်ကို ကျန်းမာရေး

Check out Nyan's photos on Facebook.

facebook
Check out Nyan's photos on Facebook.
If you sign up for Facebook, you'll be able to stay connected with friends by seeing their photos and videos, staying up to date with their latest status updates, exchanging messages and more.
Join Nyan on Facebook
This message was sent to kyawkyawnyanwin.136778@blogger.com. If you don't want to receive these emails from Facebook in the future or have your email address used for friend suggestions, please unsubscribe.
Facebook, Inc., Attention: Department 415, PO Box 10005, Palo Alto, CA 94303

Monday, December 29, 2014

Fwd: ကြေးနီတောင်စီမံကိန်းပဋိပက္ခတွင်သေဆုံးသွားသောတောင်သူမကြီးဒေါ်ခင်ဝင်း၏လူသတ်တရားခံဖေါ်ထုတ်ပေးရန်သပိတ်မှောက်

---------- Forwarded message ----------
From: kyawkyawnyanwin@gmail.com
Date: Dec 30, 2014 1:07 PM
Subject: ကြေးနီတောင်စီမံကိန်းပဋိပက္ခတွင်သေဆုံးသွားသောတောင်သူမကြီးဒေါ်ခင်ဝင်း၏လူသတ်တရားခံဖေါ်ထုတ်ပေးရန်သပိတ်မှောက်
To: "d. wave journal" <d.wavejournal@gmail.com>
Cc:

သပိတ်စခန်းကိုပြည်မြို့ဗိုလ်ချုပ်ကြေးရုပ်အနီးတွင်ဒီဇင်ဘာ၂၅ရက်နေ့မှ်
ဇန်နဝါရီလ၉ရက်နေ့အထိ ၁၅ရက်တိုင်တိုင်
ဖွင့်သွားမည်ဟုသိရှိရပါသည်။
၂၉ရက်နေ့ ည၈နာရီတွင်သေဆုံးသွားသော
လက်ပံတောင်းဒေသခံ လယ်သူမကြီးဒေါ်ခင်ဝင်း
အတွက်ဖယောင်းတိုင်ထွန်းဆုတောင်းပွဲကို
ပြည်မြို့ ဗိုလ်ချုပ်ကျောက်ရုပ်တွင်ကျင်းပခဲ့ပြီး
ကြွေးကြော်သံများဖြင့်ရုတ်သိမ်းခဲ့သည်။

Friday, December 26, 2014

ဒေါ်ခင်ဝင်း ကျည်ဆန်အစစ်ဖြင့်ပစ်ခံရ

လက်ပံတောင်းတောင်ကြေးနီစီမံကိန်းအကြမ်းဖက်ခံရမှုတွင်သေဆုံးခဲ့သောဒေါ်ခင်ဝင်းသည်ရိုင်ဖယ်
ကျည်အစစ်ဖြင့်အပစ်ခံရခြင်းဖြစ်ကြောင်းမှုခင်းဆရာဝန်ပြောကြား

Thursday, December 25, 2014

Fwd: ပြည်ခိုင်ဖြိုးပါတီထဲမှာရော ဘယ်သူတွေဝင်ရောက်နေရာယူနေလဲ

---------- Forwarded message ----------
From: kyawkyawnyanwin@gmail.com
Date: Dec 26, 2014 12:58 PM
Subject: ပြည်ခိုင်ဖြိုးပါတီထဲမှာရော ဘယ်သူတွေဝင်ရောက်နေရာယူနေလဲ
To: <kyawkyawnyanwin.136778@blogger.com>
Cc:

ပြည်ခိုင်ဖြိုးရဲ့ သူရဲကောင်းများ

လက်ပံတောင်းအရေး ရွှေဝါရောင်သံဃာများ၏ကြေညာချက်

ရွှေဝါရောင်သံဃာများ၏ ကြေညာချက်

Re: နတ်မောက်မြို့တွင် ဗိုလ်ချုပ်အောင်ဆန်းရာပြည့်ကျင်းပရန်ရွှေသံစဉ်တေးဂီတဖျော်ဖြေရေးအဖွဲ့ ပြည်မြို့တွင်းလှည့်လည်ဖျော်ဖြေ်

"nld.bago.pyay" <nld.bago.pyay@gmail.com> wrote:

ရွှေသံစဉ်တေးဂီတဖျော်ဖြေရေးအဖွဲ့၂၂-၁၂-၂၀၁၄မှ၂၃-၁၂-၂၀၁၄ နေ့အထိပြည်မြို့တွင်းလှည့်လည်
ဖျော်ဖြေသည်။
ပြည်မြို့ ဗိုလ်ချုပ်မြင်းစီးကျောက်ရုပ်တွင်၂၂ရက်နေ့ညနေ
၌နှုတ်ခွန်းဆက်ဖျော်ဖြေသည်။
၂၃-၁၂-၂၀၁၄ နံနက်ပိုင်းတွင်ပြည်ဈေးကြီး
နေ့လည်ပိုင်းတွင်ပြည်မြို့ခေတ္တရာမြို့သစ်ရပ်ကွက်
မေ့လက်ရာလဘက်ရည်ဆိုင်ရှေ့ တို့တွင်သီဆိုဖျော်ဖြေခဲ့ကြသည်။
ဗိုလ်ချုပ်တေးသီချင်းများ ခေတ်ပေါ်အကများ
မျက်လှည့် စသည်ဖြင့်ဖျော်ဖြေခဲ့ကြသည်။
(ကျော်ကျော်ဥာဏ်ဝင်း ပြည် )ီ

တည်းခိုခန်းထဲပျော်ပါးတဲ့ဘုန်းကြီးfacebook

facebookသတင်းဖြစ်ပါသည်

Wednesday, December 24, 2014

ဒေါ်အောင်ဆန်းစုကြည် ပြည်မြို့သို့လာမည်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ
ဒေါ်အောင်ဆန်းစုကြည်သည်
ပဲခူးတိုင်းဒေသကြီး ပြည်မြို့သို့
၁၀-၁-၂၀၁၅   နေ့ရောက်ရှိမည်။
ပြည်မြို့နယ်အတွင်းရှိ မိဘပြည်သူများ
့်ပါတီဝင်များနှင့်တွေဆုံမည်ဖြစ်ပြီး
အချိန်နှင့်နေရက်ကိုထပ်မံတင်ပြသွားပါမည်။

ဒေါ်အောင်ဆန်းစုကြည် ပြည်မြို့သို့လာမည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ
ဒေါ်အောင်ဆန်းသည် ပဲခူးတိုင်းဒေသကြီး
ပြည်မြို့သို့ ၁၀-၁-၂၀၁၄ရက်နေ့တွင်ရောက်ရှိမည်ဖြစ်ပြီး
ပြည်မြို့နယ်အတွင်းရှိ မိဘပြည်သူများပါတီဝင်များနှင့်တွေဆုံမည်
ဖြစ်ကြောင်းသတင်းရှိပါသည်။    
တွေ့ဆုံမည့်အချိန်နှင့် နေရာကိုဆက်လက်တင်ပြပေးသွားပါမည်။

လက်ပံတောင်းကျိန်စာ

မောင်စိန်ဝင်း(ပုတီးကုန်)

Monday, December 22, 2014

လက်ပံတောင်းတောင် အရေးကိစ္စအမျိုးသားဒီမိုကရေစီအဖွဲချုပ်၏ကြေညာချက်အတုအွန်လိုင်းပေါ်တွင်ပျံနှံန္စေ

၂၁ရက်နေ့မှစတင်၍လက်ပံတောင်းတောင်တွင်
မြေယာလျော်ကြေးမယူသောလယ်သမားများ၏
လယ်ယာမြေများကို တရုတ်ဝမ်ပေါင် ကုမ္ပဏီမှ
အတင်းဝင်ရောက်ကျူးကျော်ရာမှစတင်သော
လယ်သမားအရေးကိစ္စကြောင့်
တောင်သူအမျိုးသမီးကြီးတစ်ဦးသေနတ်ဒဏ်ရာဦးခေါင်းထိမှန်သေဆုံးခဲ့ရသည်။
အခြားတောင်သူအများအပြားဒဏ်ရာရှိခဲ့ပြီး
နှစ်ဘက်အခြေအနေတင်းမာလျှက်ရှိသည်။အဆိုပါကိစ္စကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ တောင်သူ
လယ်သမားတို့အား ဥပဒေ အရ အရေးယူသင့်ကြောင်း
ကြေညာချက်အတုတစ်ခု အွန်လိုင်းပေါ်တွင်ပျံနှံ့
လျှက်ရှိသည်။
အဆိုပါကြေညာချက်သည် NLDပါတီ၏ကြေညာချက်မဟုတ်ကြောင်း
ပါတီ၏သတင်းနှင့်ပြန်ကြားရေးဋ္ဌာနမှသတင်း
ထုတ်ပြန်ထားသည်။်

ရွှေသံစဉ်တီးဝိုင်း ပြည်ရောက်ပြီ

နတ်မော်မြို့မှ ဗိုလ်ချုပ်ချစ်သူများပါဝင်သော
ရွှေသံစဉ်တီးဝိုင်း၂၂ရက်နေ့ညနေပိုင်းပြည်မြို့မှာ
ဖျော်ဖြေပြီး ၂၃ရက်နေ့တနေကုန်ပြည်မြို့မှာဖျော်ဖြေမယ်လို့
သတင်းရှိပါတယ်

Saturday, December 20, 2014

Fwd: ပြည်ခရိုင်စုလူငယ်များ ဗိုလ်ချုပ်မွေးနေ့ နှစ်၁၀၀ပြည့်အကြို တေးဂီတဖျော်ဖြေပွဲကျင်းပ

---------- Forwarded message ----------
From: kyawkyawnyanwin@gmail.com
Date: Dec 21, 2014 3:15 AM
Subject: Fwd: ပြည်ခရိုင်စုလူငယ်များ ဗိုလ်ချုပ်မွေးနေ့ နှစ်၁၀၀ပြည့်အကြို တေးဂီတဖျော်ဖြေပွဲကျင်းပ
To: "d. wave journal" <d.wavejournal@gmail.com>
Cc:

---------- Forwarded message ----------
From: kyawkyawnyanwin@gmail.com
Date: Dec 21, 2014 3:13 AM
Subject: ပြည်ခရိုင်စုလူငယ်များ ဗိုလ်ချုပ်မွေးနေ့ နှစ်၁၀၀ပြည့်အကြို တေးဂီတဖျော်ဖြေပွဲကျင်းပ
To: "d. wave journal" <d.wavejournal@gmail.com>
Cc:

ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင်စုလူငယ်များမှ
ဗိုလ်ချုပ်ရာပြည့်အကြို တေးဂီတဖျော်ဖြေပွဲကို
ပြည်မြို့ အမျိုးသားကဇာတ်ရုံတွင်  ကျင်းပခဲ့သည်။
၁၉-၁၂-၂၀၁၄ရက်နေ့ ည ၁၂နာရီတွင်ကျင်းပခဲ့ပြီး
ရုံဝင်လက်မှတ်များကိုကြိုတင်၍တစ်စောင်လျှင်
၄၀၀၀ကျပ်နှုန်းဖြင့်ရောင်းချခဲ့သည်။ဖျော်ဖြေပွဲတွင် အစီအစဉ် ၆၀ကျော်ဖြင့်ကျင်းပခဲ့ပြီး အဆိုတော်
ဂျေညီညီ  ဂျေညီညီမလေး စည်သူမင်း ရွှေရည်ဖြိုးမောင် လူရွှင်တော်များ  မြန်မာ့သိုင်းပြကွက်ဆန်းများ  ချင်းရိုးရာဝါးညှပ်အက
လူငယ်အဖွဲ့ဝင်တို့၏ဖျော်ဖြေမှုစသည်ဖြင့်
စည်ကားသိုက်မြိုက်စွာကျင်းပခဲ့ပြီး
ည၁၂နာရီကျော်တွင်ပြီးဆုံးခဲ့သည်။တေးဂီတဖျော်ဖြေပွဲသို့ ပရိတ်သတ် ၃၀၀၀ကျော်တက်ရောက်ခှဲုကြသည်။့

တိုင်းပြည်မငြိမ်သက်ရင်စစ်တပ်အာဏာသိမ်းမယ်

Friday, December 19, 2014

အာဏာရှင်လက်တစ်စုပ်စာအတွက်

အာဏာရှင်လက်တစ်ဆုပ်စာအတွက် အောက်ခြေကဘဝတွေ ဘယ်လောက်စုတ်ပြတ်နေတယ်ဆိုတာ

ပြည်ခိုင်ဖြိုးပါတီဝင်များနေထိုင်သောလမ်းများကိုသာပြုပြင်ပေးမည်

ပြည်ခိုင်ဖြိုးပါတီဝင်တွေများတဲ့လမ်းကိုသာလမ်းခင်းပေးမည် ကျန်တဲ့လမ်းတွေခင်းပေးရင်ဘာမှအကျိုးမရှိဘူးဟု
ပြည်ခိုင်ဖြိုးလွှတ်တော်ကိုယ်စားလှယ်ရန်ကုန်မြို့တော်ဝန်ဦးလှမြင့်ပြောကြားခဲ့သည်။
၂၀၁၂ကြားဖြတ်ရွေးကောက်ပွဲ တွင်လည်းပြည်ခိုင်ဖြိုးပါတီရှုံးနိမ့်သောကြောင့်
နေပြည်တော်တွင် လမ်းတစ်ခြမ်းကိုသာခင်းခဲ့ပြီး
ကတ္တရာပုန်းများပြန်လည်သိမ်းဆည်းသွားခဲ့သည်။်

ဘုန်းတော်ကြီးတစ်ဦးမုဒိန်းမှုဖြင့်စွပ်စွဲခံရ

ပြည်မြို့သတင်း

လွှတ်တော်ထဲရောက်ဘင်္ဂါလီများ

၂၀၁၀ ရွေးကောက်ပွဲ တွင် ရခိုင်ပြည်နယ်မှ
ပြည်ခိုင်ဖြိုးလွှတ်ကိုယ်စားလှယ်များအဖြစ်ဝင်ရောက်အရွေးခံပြီး ဘင်္ဂါလီများမှပြည်ခိုင်ဖြိုးပါတီမှပြုလုပ်ပေးသော
White cardများကိုင်ဆောင်မဲပေးကာ
လွှတ်တော်တွင်းရောက်ရှိခဲ့ခြင်းဖြစ်သည်။၂၀၁၅
အထွေထွေရွေးကောက်ပွဲတွင် White card
ကိုင်ဆောင်သူများမဲပေးခွင့်မရှိတော့ကြောင်းသတင်းရှိသည်။်

Tuesday, December 16, 2014

သာမန်ရဲဘော်တစ်ဦးရဲ့ ရင်ဖွင့်စကားသံဗီဒီယိုဖိုင်ပါ

ဗိုလ်ချုပ်ပုံချိတ်ထားရင်လိုင်းခန်းထဲကထွက်သွားရမယ်ဆိုတဲ့ စစ်အာဏာရှင်ဗိုလ်ချုပ်ကြီးတွေရဲ့အမိန့် ဗီဒီယိုဖိုင်ပါ

Sunday, December 14, 2014

ပြည်ခိုင်ဖြိုးပါတီ မလိမ့်တပတ်စည်းရုံးရေးဆင်း

ပဲခူးတိုင်းဒေသကြီး ပြည်မြို့နယ်အတွင်းရှိ
ပေါင်းတလည်တိုက်နယ် တဲကုန်းအုပ်စု
တဲကုန်းကျေးရွာတွင်၁၃-၁၂-၂၀၁၄ စနေနေ့က
ပြည်ခိုင်ဖြိုးပါတီဝင်များ လူဦးရေစာရင်းကောက်
်ပြီး၂၀၁၅မဲထည့်ရန်စည်းရုံးရေးဆင်းခဲ့ကြသည်။
တဲကုန်းရွာမှ ပြည်ခိုင်ဖြိုး    စည်းမှူး
ဦးဝင်းမြင့်   ဦးမင်းနိုင်
လက်ပံတောအုပ်စု ကြို့ကုန်းရွာမှ
ပြည်ခိုင်ဖြိုးစည်းမှူး  ဦးလူဝ(ခ)ဦးထွန်းကြိုင်
ရွာမကြီးအုပ်စု  အိုင်ကျောင်းကုန်းရွာမှ
ဦးဝင်းကြိုင်
ပေါင်းတလည်မြို့မှ မအိဖြူ နှင့် အခြားပြည်ခိုင်ဖြိုးပါတီဝင်
စုစုပေါင်း-၁၀ဦး တို့သည်တဲကုန်းကျေးရွာရှိ
အိမ်များအတွင်းဝင်ရောက်၍
ဒေသဖွံ့ဖြိုးရေးလိုအပ်ချက်များ
ရှိလျှင်ပြောကြားရန် ပြောဆိုခဲ့ပြီးဒေသခံများမှ
လမ်း ရေတွင်း လျှပ်စစ်မီး ဆေးပေးခန်း
စာကြည့်တိုက် တို့ကိုတောင်းဆိုကြသည်။ပြည်ခိုင်ဖြိုးပါတီဝင်များ
နှင့်စည်းရုံးရေးမှူးများက သမ္မတဦးသိန်စိန်ကိုတိုက်ရိုက်တင်ပြပေးမယ်ဟု
ပြောဆိုစည်းရုံးခဲ့သည်။်
၂၀၁၅ရွေးကောက်ပွဲတွင်ဘယ်ပါတီကို
မဲထည့်မှာလဲဟုမေးခြဲ့ပီးအမတ်လောင်းအား
ထောက်ခံစာရင်းကောက်ခံခဲ့သည်။
အခြားရွာတွေကိုလည်းသွားရောက်ကောက်ခံခဲ့
ကြောင်းသတင်းရရှိသည်။
သူတို့ပြောဆိုတဲ့
ကျေးရွာလိုအပ်ချက်ဆိုရင်
ကျေးရွာလိုအပ်ချက်စာရင်းကောက်ပေါ့
အခုတော့ကျေးရွာလိုအပ်ချက်ကိုကျတော့
ဦးသိန်းစိန်ဆီတင်ပြပေးမယ်ပြောပြီး
သူတို့ကောက်ခံတာကအမတ်လောင်း
ထောက်ခံစာရင်းဖြစ်နေတယ်
ကျွန်တော်တို့ တဲကုန်းရွာက ရွာသူရွာသားတွေကို
အရင်တုန်းကလိုဘဲ ကလိမ်ကကျစ်လုပ်နေတုန်းဘဲလို့မြင်တယ်ဟု
တဲကုန်းရွာမှဒေသခံ
ဦးစံရွှေမြင့်ကပြောကြားသည်။
၁၄-၄-၂၀၁၄ရက်နေ့တုန်းကလည်း
၃/၄  ရက်အတွင်း ကျောက်ကြီးလမ်း
မြေနီလမ်း စက်ရေတွင်း တူးပေးမယ်ပြောပြီး
မှတ်ပုံတင်အမှတ်ကောက်ယူပြီး ဓါတ်ပုံရိုက်သွားတာ
အခုထိဘာမှလုပ်ဆောင်ပေးတာမရှိဘူးဟု တဲကုန်းရွာမှဒေသခံ ဦးကျော်ဆန်းလှိုင်မှပြည်မြို့နယ်သတင်းဌာနသို့
ပြောကြားခဲ့သည်။


ပါတီတစ်ခုရဲ့စည်းမျဉ်းစည်းကမ်းတွေအရ
သတ်မှတ်ရက် အတွင်းမှာသာစည်းရုံးရေးဆင်းရမှာဖြစ်ပြီး
ရွေးကောက်ပွဲကော်မရှင်မှ ချမှတ်ထားသောရက်ပေါင်း၆၀ အတွင်း၌သာ
စည်းရုံးမှုပြုလုပ်ရမည်ဖြစ်သည်။သတ်မှတ်ရက်
ထက်ကျော်လွန်ပါကပါတီစည်းမျဉ်းဥပဒေအရ
ပါတီကိုဖျက်သိမ်းသည်အထိအရေးယူ၍ ရကြောင်း
ရွေးကောက်ပွဲကော်မရှင်ဥပဒေအရသိရှိရသည်။


Saturday, December 13, 2014

ပြည်ခရိုင်ကျောင်းသားသပိတ်ဦးဆောင်သောကျောင်းသားများဖမ်းဆီးခံရဟုသတင်းအမှားထွက်ပေါ်နေု

ပြည်မြို့တွင် ၈-၁၂-၂၀၁၄ နေ့ကပြုလုပ်သော
အမျိုးသားပညာရေးဥပဒေကန့်ကွက်ဆန္ဒပြသည်
့ကျောင်းသားခေါင်းဆောင်၅ ဦးထိန်းသိမ်းခံနေရသည်ဟုကောလဟာလသတင်းများထွက်ပေါ်နေသည်။
အဆိုပါကျောင်းသားခေါင်းဆောင်၅ဦးအားတရားလိုအဖြစ်တရားစွဲဆိုသည့်
ပြည်မြို့အမှတ်၃ရဲစခန်းမှ ဒုရဲအုပ် သက်နိုင် အားဆက်သွယ်မေးမြန်းရာ"တရားရုံးကသာတရားစွဲတာပါ။ ဖမ်းဆီးတယ်ဆိုတာမဟုတ်ပါဘူး
ဖမ်းလို့ရတဲ့ပုဒ်မလည်းမဟုတ်ပါဘူး"ဟုပြန်လည်
ဖြေကြားခဲ့သည်။

Thursday, December 11, 2014

တောင်သူဦးကြီးများသိစေရန် အထူးအသိပေးချက်

တောင်သူဦးကြီးများသိစေရန်
-----------------------------------
လယ်ယာမြေပိုင်ဆိုင်မှု ပုံစံ(၇)အား
ပုံစံ(၁)   ဖြင့် ၂၀၁၅ခုနှစ် မတ်လနောက်ဆုံးထား၍
သက်ဆိုင်ရာမြေစာရင်းဦးဌာနများတွင်လျှောက်
်ထားရမည် ဟုသတင်းရရှိသည်။
ပုံစံ(၁)ဖြင့် ပုံစံ(၇)လျှောက်ထားမှုများကို
၂၀၁၃ သြဂုတ်လ မှ  ၂၀၁၅ မတ်လ
အတွင်းလျှောက်ထားရမည်ဟု
တစ်နိုင်ငံလုံးအတိုင်းအတာဖြင့်ကြေငြာချက်
ထုတ်ပြန်ခဲ့သော်လည်း
တောင်သူဦးကြီး  အများစုမသိရှိသောကြောင့်
ပြည်မြို့နယ်သတင်းဌာနမှ
ထပ်မံ၍ သတိပေးတင်ပြအပ်ပါသည်။
                                                         kknw့

မှတ်ပုံတင်လုပ်ပေးမည်ဟုကြံ့ဖွံ့စည်းရုံး

ှပဲခူးတိုင်ဒေသကြီး ပြည်မြို့နယ်အတွင်းရှိကျေးရွာအချို့တွင်
ကြံ့ဖွံ့ပါတီဝင်အချို့နှင့်
စည်းရုံးရေးမှူးအချို့သညကျေးရွာသူရွာသားများ
အားမှတ်ပုံတင်လုပ်ပေးမည်ဟုအကြောင်းပြ၍
ဓါတ်ပုံများရယူပြီး
မှတ်ပုံတင်နှင့်အတူ
ကြံ့ဖွံ့ပါတီဝင်ကဒ်များပေးခဲ့ကြပြီး
ခင်ဗျားတို့ပါတီဝင်ဖြစ်သွားပြီ
၂၀၁၅ ရွေးကောက်ပွဲကျရင် ပြည်ခိုင်ဖြိုးကို
မဲပေးရမယ်ဟုပြောခဲ့ကြောင်းသတင်းရှိသည်။
"ကျွန်တော်တို့ကမှတ်ပုံတင်ဘဲလိုချင်တာ
၂၀၁၅ကျရင် အမေစုပါတီကိုဘဲမဲထည်မှာ
အခုကြံ့ဖွံ့ပါတီဝင်ကဒ်ကတော့ဘယ်မှာထားမိမှန်းတောင်မသိဘူး   "ဟုမှော်ဇာအုပ်စုမှဒေသခံ
ဦးကျော်မြက ပြောကြားခဲ့သည်။်

ပြည်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ကျန်းမာရေးကွန်ယက် နယ်လှည့်ဆေးကုသမှု ပြုလုပ်

ပဲခူးတိုင်းဒေသကြီး ပြည်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏
ကျန်းမာရေးကွန်ယက်မှ နတ္တလင်းအုပ်စု
လက်ပံလှကျေးရွာတွင် ကျန်းမားရေးစောင့်ရှောက်မှု
အခမဲ့ ပြုလုပ်ပေးမည် ဟု
ကျန်းမာရေးကွန်ယက်ဥက္ကဋ္ဌ
ဒေါက်တာခင်စိုးစိုးကြည်က အတည်ပြုပြောကြားသည်။
၁၄-၁၂-၂၀၁၄ရက်နေ့-နေ့လည်၁နာရီမှာစတင်ကုသပေးမှာဖြစ်ပြီး
ဆေးကုရန် လက်ပံလှဘုန်းကြီးကျောင်းတွင်စီစဉ်ထားကြောင်းသတင်းရှိပါသည်။
                                                 MMM

ပဲခူးတိုင်းဒေသကြီးပြည်မြို့နယ် ပြည်မြို့ဝက်ထီးကန်တိုက်နယ် လွှစင်အုပ်စု လွှစင်ကျေးရွာNLDရပ်ကျေးရုံးဖွင့်မည်။

ပြည်မြို့နယ် ဝက်ထီးကန်တိုက်နယ်  ၏လွှစင်အုပ်စု
လွှစင်ကျေးရွာတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
ရပ်ကျေးရုံးဖွင့်ပွဲကို ၁၃-၁၂-၂၀၁၄ ရက်နေ့
နေ့လည် ၁ နာရီတွင် ကျင်းပသွားမည်ဖြစ်ကြောင်း
သတင်းရှိသည်။
    

                                                                       MMM

Wednesday, December 10, 2014

ပြည်ခရိုင်ကျောင်းသားသပိတ် ဦးဆောင်သူများအားအမှုဖွင့်

စစ်တပိုင်းအစိုး ကပြဋ္ဌာန်သော အမျိုးသားပညာရေးဥပဒေသည်
စစ်ကျွန်ပညာရေးဖြစ်သည့်ဟုကြွေးကြော်ဆန္ဒပြခဲ့သောပြည်ခရိုင်ကျောင်းသားသပိတ်ခေါင်းဆောင် ၅ဦးကို ပြည်မြို့ အမှတ်၃ ရဲစခန်းမှ ဒုရဲအုပ်
သက်နိုင်က တရားလိုပြုလုပ်၍
ပုဒ်မ   ၁၈   ဖြင့် အမှုဖွင့်တရားဆွဲဆိုထားကြောင်း
သိရှိရသည်။
၈-၁၂-၂၀၁၄ နံနက်ဆန္ဒပြဖို့စထွက်ကတည်းက
ရဲတွေကတားတယ်  ကျွန်တော်တို့ကခင်ဗျားတို့အလုပ်ခင်ဗျားတို့လုပ်
ကျုပ်တို့အလုပ် ကျုပ်တို့ လုပ်မယ်လို့ ပြောခဲ့ပြီးသား
တရားစွဲလည်းဂရုမစိုက်ဘူး
ကျွန်တော်တို့လုပ်တာ အများအတွက်လုပ်တာ
ဟုဆန္ဒပြကျောင်းသားခေါင်းဆောင်တစ်ဦးကပြော
ကြားသည်။်

Fwd: အဆောင်နေကျောင်းသူတစ်အားအဆောင်အတွင်းဝင်၍ပါးရိုက်သွားသူအား အမှုဖွင့်လိုက်ပြီ။

သတင်းအောက်ဆုံးပိုဒ်တွင် အမှတ်  ၃ စခန်းအစား
အမှတ်  ၂ စခန်းဟုပြင်ဆင်ဖတ်ရှုပါရန်

---------- Forwarded message ----------
From: "Kyaw Kyaw Nyan Win" <kyawkyawnyanwin@gmail.com>
Date: Dec 10, 2014 4:57 PM
Subject: Fwd: အဆောင်နေကျောင်းသူတစ်အားအဆောင်အတွင်းဝင်၍ပါးရိုက်သွားသူအား အမှုဖွင့်လိုက်ပြီ။
To: <kyawkyawnyanwin.136778@blogger.com>
Cc:

သတင်းပိုဒ်၏အောက်ဆုံးတွင်အမှတ်  ၂  စခန်း အစား  အမှတ်  ၃ စခန်းဟုပြင်ဆင်ဖတ်ရှုပါရန်

---------- Forwarded message ----------
From: "Kyaw Kyaw Nyan Win" <kyawkyawnyanwin@gmail.com>
Date: Dec 10, 2014 12:36 PM
Subject: အဆောင်နေကျောင်းသူတစ်အားအဆောင်အတွင်းဝင်၍ပါးရိုက်သွားသူအား အမှုဖွင့်လိုက်ပြီ။
To: <kyawkyawnyanwin.136778@blogger.com>
Cc:

ပဲခူးတိုင်ဒေသကြီး ပြည်မြို့တွင်အဆောင်နေကျောင်းသူတစ်ဦးအား
အဆောင်တွင်းဝင်ပြီးပါးရိုက်ဆဲဆို၍ဓါးနှင့်ထိုးမည်ဟုခြိမ်းခြောက်ပြောဆိုသွားသူ စည်တော်မင်္ဂလာရပ်နေဒေါ်ခိုင်ခိုင်သောင်းအား
ပြည်မြို့
အမှတ်(၂)ရဲစခန်းမှ  ဒုရဲအုပ်ဇော်မင်းမှ
ပုဒ်မ-၄၅၁ /၂၉၄ /၃၂၃တို့ဖြင့်တရားဆွဲဆိုထားသည်။
ပြည်မြို့ ရွာဘဲနယ်မြေအုန်းတောရပ်ကွက်
အုန်းတောလမ်း ဆောင်နှင်းမှုန်အမျိုးသမီးဘော်ဒါဆောင်
တွင်နေထိုင်သူ မ---------အား၅-၁၂-၂၀၁၄ရက်နေ့
နံနက်  ၇  နာရီတွင်
စည်တော်မင်္ဂလာရပ်ကွက်နေဒေါ်ခိုင်ခိုင်သောင်း
မှအဆောင်တွင်းဝင်ရောက်ကာ
လူမှုရေးကိစ္စနှင့်ပတ်သက်၍
မိုက်ရိုင်းစွာဆဲဆိုပြီးကိုယ်ထိလက်ရောက်ကျူးလွန်ခဲ့ခြင်းဖြစ်သည်။
နောက်တစ်ခါဆိုရင်   ဓါးနဲ့ထိုးမယ်ဟု ခြိမ်းခြောက်
ပြောဆိုခဲ့သည် ဟု ခြိမ်းခြောက်ခံရသူ
မ-------------ကပြောပြသည်။၎င်းအမှုကို
အမှတ်(၃)စခန်းမှဒုရဲအုပ် ဇော်မင်း ကအထက်ပါအတိုင်း အမှုဖွင့် ထားကြောင်း
သတင်းရှိသည်။

                                           ပြည်




Fwd: အဆောင်နေကျောင်းသူတစ်အားအဆောင်အတွင်းဝင်၍ပါးရိုက်သွားသူအား အမှုဖွင့်လိုက်ပြီ။

သတင်းပိုဒ်၏အောက်ဆုံးတွင်အမှတ်  ၂  စခန်း အစား  အမှတ်  ၃ စခန်းဟုပြင်ဆင်ဖတ်ရှုပါရန်

---------- Forwarded message ----------
From: "Kyaw Kyaw Nyan Win" <kyawkyawnyanwin@gmail.com>
Date: Dec 10, 2014 12:36 PM
Subject: အဆောင်နေကျောင်းသူတစ်အားအဆောင်အတွင်းဝင်၍ပါးရိုက်သွားသူအား အမှုဖွင့်လိုက်ပြီ။
To: <kyawkyawnyanwin.136778@blogger.com>
Cc:

ပဲခူးတိုင်ဒေသကြီး ပြည်မြို့တွင်အဆောင်နေကျောင်းသူတစ်ဦးအား
အဆောင်တွင်းဝင်ပြီးပါးရိုက်ဆဲဆို၍ဓါးနှင့်ထိုးမည်ဟုခြိမ်းခြောက်ပြောဆိုသွားသူ စည်တော်မင်္ဂလာရပ်နေဒေါ်ခိုင်ခိုင်သောင်းအား
ပြည်မြို့
အမှတ်(၂)ရဲစခန်းမှ  ဒုရဲအုပ်ဇော်မင်းမှ
ပုဒ်မ-၄၅၁ /၂၉၄ /၃၂၃တို့ဖြင့်တရားဆွဲဆိုထားသည်။
ပြည်မြို့ ရွာဘဲနယ်မြေအုန်းတောရပ်ကွက်
အုန်းတောလမ်း ဆောင်နှင်းမှုန်အမျိုးသမီးဘော်ဒါဆောင်
တွင်နေထိုင်သူ မ---------အား၅-၁၂-၂၀၁၄ရက်နေ့
နံနက်  ၇  နာရီတွင်
စည်တော်မင်္ဂလာရပ်ကွက်နေဒေါ်ခိုင်ခိုင်သောင်း
မှအဆောင်တွင်းဝင်ရောက်ကာ
လူမှုရေးကိစ္စနှင့်ပတ်သက်၍
မိုက်ရိုင်းစွာဆဲဆိုပြီးကိုယ်ထိလက်ရောက်ကျူးလွန်ခဲ့ခြင်းဖြစ်သည်။
နောက်တစ်ခါဆိုရင်   ဓါးနဲ့ထိုးမယ်ဟု ခြိမ်းခြောက်
ပြောဆိုခဲ့သည် ဟု ခြိမ်းခြောက်ခံရသူ
မ-------------ကပြောပြသည်။၎င်းအမှုကို
အမှတ်(၃)စခန်းမှဒုရဲအုပ် ဇော်မင်း ကအထက်ပါအတိုင်း အမှုဖွင့် ထားကြောင်း
သတင်းရှိသည်။

                                           ပြည်




Tuesday, December 9, 2014

အဆောင်နေကျောင်းသူတစ်အားအဆောင်အတွင်းဝင်၍ပါးရိုက်သွားသူအား အမှုဖွင့်လိုက်ပြီ။

ပဲခူးတိုင်ဒေသကြီး ပြည်မြို့တွင်အဆောင်နေကျောင်းသူတစ်ဦးအား
အဆောင်တွင်းဝင်ပြီးပါးရိုက်ဆဲဆို၍ဓါးနှင့်ထိုးမည်ဟုခြိမ်းခြောက်ပြောဆိုသွားသူ စည်တော်မင်္ဂလာရပ်နေဒေါ်ခိုင်ခိုင်သောင်းအား
ပြည်မြို့
အမှတ်(၂)ရဲစခန်းမှ  ဒုရဲအုပ်ဇော်မင်းမှ
ပုဒ်မ-၄၅၁ /၂၉၄ /၃၂၃တို့ဖြင့်တရားဆွဲဆိုထားသည်။
ပြည်မြို့ ရွာဘဲနယ်မြေအုန်းတောရပ်ကွက်
အုန်းတောလမ်း ဆောင်နှင်းမှုန်အမျိုးသမီးဘော်ဒါဆောင်
တွင်နေထိုင်သူ မ---------အား၅-၁၂-၂၀၁၄ရက်နေ့
နံနက်  ၇  နာရီတွင်
စည်တော်မင်္ဂလာရပ်ကွက်နေဒေါ်ခိုင်ခိုင်သောင်း
မှအဆောင်တွင်းဝင်ရောက်ကာ
လူမှုရေးကိစ္စနှင့်ပတ်သက်၍
မိုက်ရိုင်းစွာဆဲဆိုပြီးကိုယ်ထိလက်ရောက်ကျူးလွန်ခဲ့ခြင်းဖြစ်သည်။
နောက်တစ်ခါဆိုရင်   ဓါးနဲ့ထိုးမယ်ဟု ခြိမ်းခြောက်
ပြောဆိုခဲ့သည် ဟု ခြိမ်းခြောက်ခံရသူ
မ-------------ကပြောပြသည်။၎င်းအမှုကို
အမှတ်(၃)စခန်းမှဒုရဲအုပ် ဇော်မင်း ကအထက်ပါအတိုင်း အမှုဖွင့် ထားကြောင်း
သတင်းရှိသည်။

                                           ပြည်




ရာပြည့်အထိမ်းအမှတ် ဂီတပွဲတော်

ပဲခူးတိုင်းဒေသကြီး ပြည်မြို့တွင်ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့
ရာပြည့် အထိမ်းအမှတ်ဂီတပွဲတော်ကျင်းပမည်။
လူရွှင်တော် မိုးတိမ်   ဒဲ့ဒိုး  ပိစိ ပြုံးချို ဆန်စီ
အဆိုတော်များ    ဂျေညီညီ   ဂျေညီမလေး  ရွှေရည်ဖြိုးမောင်   စည်သူမင်း
၁၉.၁၂.၂၀၁၄  သောကြာနေ့
ည  ၇နာရီ
ယဉ်ကျေးမှုရံ  ပြည်မြို့
ရုံဝင်လက်မှတ်များစတင်ရောင်ချနေပြီဟုသတင်းရှိသည်။ု

ရာပြည့်အထိမ်းအမှတ် ဂီတပွဲတော်

ပဲခူးတိုင်းဒေသကြီး ပြည်မြို့တွင်ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့
ရာပြည့် အထိမ်းအမှတ်ဂီတပွဲတော်ကျင်းပမည်။
လူရွှင်တော် မိုးတိမ်   ဒဲ့ဒိုး  ပိစိ ပြုံးချို ဆန်စီ
အဆိုတော်များ    ဂျေညီညီ   ဂျေညီမလေး  ရွှေရည်ဖြိုးမောင်   စည်သူမင်း
၁၉.၁၂.၂၀၁၄  သောကြာနေ့
ည  ၇နာရီ
ယဉ်ကျေးမှုရံ  ပြည်မြို့
ရုံဝင်လက်မှတ်များစတင်ရောင်ချနေပြီဟုသတင်းရှိသည်။ု