Sunday, December 14, 2014

ပြည်ခိုင်ဖြိုးပါတီ မလိမ့်တပတ်စည်းရုံးရေးဆင်း

ပဲခူးတိုင်းဒေသကြီး ပြည်မြို့နယ်အတွင်းရှိ
ပေါင်းတလည်တိုက်နယ် တဲကုန်းအုပ်စု
တဲကုန်းကျေးရွာတွင်၁၃-၁၂-၂၀၁၄ စနေနေ့က
ပြည်ခိုင်ဖြိုးပါတီဝင်များ လူဦးရေစာရင်းကောက်
်ပြီး၂၀၁၅မဲထည့်ရန်စည်းရုံးရေးဆင်းခဲ့ကြသည်။
တဲကုန်းရွာမှ ပြည်ခိုင်ဖြိုး    စည်းမှူး
ဦးဝင်းမြင့်   ဦးမင်းနိုင်
လက်ပံတောအုပ်စု ကြို့ကုန်းရွာမှ
ပြည်ခိုင်ဖြိုးစည်းမှူး  ဦးလူဝ(ခ)ဦးထွန်းကြိုင်
ရွာမကြီးအုပ်စု  အိုင်ကျောင်းကုန်းရွာမှ
ဦးဝင်းကြိုင်
ပေါင်းတလည်မြို့မှ မအိဖြူ နှင့် အခြားပြည်ခိုင်ဖြိုးပါတီဝင်
စုစုပေါင်း-၁၀ဦး တို့သည်တဲကုန်းကျေးရွာရှိ
အိမ်များအတွင်းဝင်ရောက်၍
ဒေသဖွံ့ဖြိုးရေးလိုအပ်ချက်များ
ရှိလျှင်ပြောကြားရန် ပြောဆိုခဲ့ပြီးဒေသခံများမှ
လမ်း ရေတွင်း လျှပ်စစ်မီး ဆေးပေးခန်း
စာကြည့်တိုက် တို့ကိုတောင်းဆိုကြသည်။ပြည်ခိုင်ဖြိုးပါတီဝင်များ
နှင့်စည်းရုံးရေးမှူးများက သမ္မတဦးသိန်စိန်ကိုတိုက်ရိုက်တင်ပြပေးမယ်ဟု
ပြောဆိုစည်းရုံးခဲ့သည်။်
၂၀၁၅ရွေးကောက်ပွဲတွင်ဘယ်ပါတီကို
မဲထည့်မှာလဲဟုမေးခြဲ့ပီးအမတ်လောင်းအား
ထောက်ခံစာရင်းကောက်ခံခဲ့သည်။
အခြားရွာတွေကိုလည်းသွားရောက်ကောက်ခံခဲ့
ကြောင်းသတင်းရရှိသည်။
သူတို့ပြောဆိုတဲ့
ကျေးရွာလိုအပ်ချက်ဆိုရင်
ကျေးရွာလိုအပ်ချက်စာရင်းကောက်ပေါ့
အခုတော့ကျေးရွာလိုအပ်ချက်ကိုကျတော့
ဦးသိန်းစိန်ဆီတင်ပြပေးမယ်ပြောပြီး
သူတို့ကောက်ခံတာကအမတ်လောင်း
ထောက်ခံစာရင်းဖြစ်နေတယ်
ကျွန်တော်တို့ တဲကုန်းရွာက ရွာသူရွာသားတွေကို
အရင်တုန်းကလိုဘဲ ကလိမ်ကကျစ်လုပ်နေတုန်းဘဲလို့မြင်တယ်ဟု
တဲကုန်းရွာမှဒေသခံ
ဦးစံရွှေမြင့်ကပြောကြားသည်။
၁၄-၄-၂၀၁၄ရက်နေ့တုန်းကလည်း
၃/၄  ရက်အတွင်း ကျောက်ကြီးလမ်း
မြေနီလမ်း စက်ရေတွင်း တူးပေးမယ်ပြောပြီး
မှတ်ပုံတင်အမှတ်ကောက်ယူပြီး ဓါတ်ပုံရိုက်သွားတာ
အခုထိဘာမှလုပ်ဆောင်ပေးတာမရှိဘူးဟု တဲကုန်းရွာမှဒေသခံ ဦးကျော်ဆန်းလှိုင်မှပြည်မြို့နယ်သတင်းဌာနသို့
ပြောကြားခဲ့သည်။


ပါတီတစ်ခုရဲ့စည်းမျဉ်းစည်းကမ်းတွေအရ
သတ်မှတ်ရက် အတွင်းမှာသာစည်းရုံးရေးဆင်းရမှာဖြစ်ပြီး
ရွေးကောက်ပွဲကော်မရှင်မှ ချမှတ်ထားသောရက်ပေါင်း၆၀ အတွင်း၌သာ
စည်းရုံးမှုပြုလုပ်ရမည်ဖြစ်သည်။သတ်မှတ်ရက်
ထက်ကျော်လွန်ပါကပါတီစည်းမျဉ်းဥပဒေအရ
ပါတီကိုဖျက်သိမ်းသည်အထိအရေးယူ၍ ရကြောင်း
ရွေးကောက်ပွဲကော်မရှင်ဥပဒေအရသိရှိရသည်။


No comments:

Post a Comment