Tuesday, December 9, 2014

အဆောင်နေကျောင်းသူတစ်အားအဆောင်အတွင်းဝင်၍ပါးရိုက်သွားသူအား အမှုဖွင့်လိုက်ပြီ။

ပဲခူးတိုင်ဒေသကြီး ပြည်မြို့တွင်အဆောင်နေကျောင်းသူတစ်ဦးအား
အဆောင်တွင်းဝင်ပြီးပါးရိုက်ဆဲဆို၍ဓါးနှင့်ထိုးမည်ဟုခြိမ်းခြောက်ပြောဆိုသွားသူ စည်တော်မင်္ဂလာရပ်နေဒေါ်ခိုင်ခိုင်သောင်းအား
ပြည်မြို့
အမှတ်(၂)ရဲစခန်းမှ  ဒုရဲအုပ်ဇော်မင်းမှ
ပုဒ်မ-၄၅၁ /၂၉၄ /၃၂၃တို့ဖြင့်တရားဆွဲဆိုထားသည်။
ပြည်မြို့ ရွာဘဲနယ်မြေအုန်းတောရပ်ကွက်
အုန်းတောလမ်း ဆောင်နှင်းမှုန်အမျိုးသမီးဘော်ဒါဆောင်
တွင်နေထိုင်သူ မ---------အား၅-၁၂-၂၀၁၄ရက်နေ့
နံနက်  ၇  နာရီတွင်
စည်တော်မင်္ဂလာရပ်ကွက်နေဒေါ်ခိုင်ခိုင်သောင်း
မှအဆောင်တွင်းဝင်ရောက်ကာ
လူမှုရေးကိစ္စနှင့်ပတ်သက်၍
မိုက်ရိုင်းစွာဆဲဆိုပြီးကိုယ်ထိလက်ရောက်ကျူးလွန်ခဲ့ခြင်းဖြစ်သည်။
နောက်တစ်ခါဆိုရင်   ဓါးနဲ့ထိုးမယ်ဟု ခြိမ်းခြောက်
ပြောဆိုခဲ့သည် ဟု ခြိမ်းခြောက်ခံရသူ
မ-------------ကပြောပြသည်။၎င်းအမှုကို
အမှတ်(၃)စခန်းမှဒုရဲအုပ် ဇော်မင်း ကအထက်ပါအတိုင်း အမှုဖွင့် ထားကြောင်း
သတင်းရှိသည်။

                                           ပြည်




No comments:

Post a Comment