အာဏာရှင်ရဲ့အာဟာရ
ဆင်းရဲနုံချာ တိုင်းပြည်မှာကား
ပညာမဲ့ကင်း လူအဖျင်းနှင့်
ပြည်တွင်းစစ်ဖြစ် မငြိမ်းလစ်သော်
အာဏာရှင်တို့ အကြိုက်တည်း။
ပြည်တွင်းလည်းဆူ နယ်စပ်ပူမှ
ရယူအာဏာ တည်မြဲမှာဟု
သိက္ခာမဲ့ကင်း စွဲစိတ်တင်းကာ
အာဏာအာဟာရ ဖြည့်တင်းကြသည်
ပြည်ပျက်ခြင်း၏ အကြောင်းတည်း။
ဝက်ထီးကန်သား ။ှ
်
့
No comments:
Post a Comment