ကွက်တိ-တို့ဗိုလ်ချုပ်နဲ့ကွာလိုက်ပုံများ(ကဗျာ)
ဗိုလ်ချုပ်ဟာ
အနာဂတ်ကိုကြိုမြင်တဲ့
ပညာရှင်တစ်ဦးထင်ပါရဲ့။
တစ်ချိန်မှာ
ဝန်ကြီးတစ်ပါးက
ထမင်းတစ်နပ်လျှောစား ဆိုတဲ့
ကျေးဇူးမဲ့စကား
ကြိုတင်ကြားယောင်ခဲ့လို့များ
ပဲပြုတ်နံပြားရရင်စားချင်တယ် လို့
ပြောခဲ့တာလား။
တစ်ချိန်မှာ
လွှတ်တော်ဥက္ကဋ္ဌကြီးက
သမ္မတထက် မြင့်တဲ့နေရာရှိရင် ရချင်တယ် ဆိုတဲ့စကား
ကြိုတင်ကြားယောင်ခဲ့လို့များ
လွတ်လပ်ရေးကြီးရပြီးရင်
အေးအေးဆေးဆေး
စာပဲရေးနေတော့မယ် လို့
ပြောခဲ့တာလား။
တစ်ချိန်မှာ
ဝန်ကြီးတစ်ပါးက
နယ်လှည့်ပါးရိုက်ခဲ့တာ လို့
မိုက်ရိုင်းထွားကြိုင်းမှာကြိုသိပြီး
ခံရဲမှ တကယ့်သတ္တိ လို့ပြောခဲ့တာလား။
တစ်ချိန်မှာ
ခရိုနီအပေါင်းပါတွေက
လယ်တွေ အဓမ္မသိမ်းလိုသိမ်း
မြေတွေ အဓမ္မသိမ်းလိုသိမ်း
အဓမ္မယိမ်းကကြမှာကြိုမြင်ပြီး
မေမြို့(ပြင်ဦးလွင်)မှာ အိမ်ဝယ်ပေးဖို့
အမေ့ကိုပူဆာရဦးမယ် လို့ ပြောခဲ့တာလား
တစ်ချိန်မှာ
အာဏာရှင်တွေက
တပ်မတော်သာအမိ တပ်မတော်သာအဖ လို့
ကြွေးကြော်ကြမှာကြိုသိလို့
တိုင်းပြည်သည်တပ်မတော်၏အစေခံမဖြစ်ရ
တပ်မတော်သည် တိုင်းပြည်၏အခြေခံဖြစ်ရမယ် လို့
ပြောခဲ့တာလား။
အဲသလို
ဟိုတုန်းက
ဗိုလ်ချုပ်ကမြွက်ဟစကားတွေ
နိမိတ်ပြစကားတွေဟာ
ဒီနေ့ဒီအချိန်ခါမှာ တွက်ကြည့်
ကွက်တိမှကွက်တိ။
မောင်ခင်မှိုင်း
ချောက်
်
်
No comments:
Post a Comment